အိန္ဒိယတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်သူ ၇၁၇၈ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ၁၆ ဦး ထပ်မံသေဆုံး

0
157

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်ခြင်းခံရသူ ၇၁၇၈ ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ ထပ်မံသေဆုံးသူ ၁၆ ဦးရှိကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ သို့ရာတွင် တနင်္ဂနွေနေ့ကမူ နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူ အသစ် ၁၀၁၁၂ ဦးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယတွင် ကိုဗစ်ဖြစ်ပွားမှုပြန်လည်မြင့်တက်လာလျှက်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်းဖြစ်ပွားမှုမှာ လွန်ခဲ့သည့် တစ်လကျော်နှင့်နှိုင်းစာလျှင် ၂၀ ရာခိုင်နှုန်းမျှ မြင့်မားလာကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၄ ခုတို့တွင် ထိုသို့ပြန်လည်မြင့်မားလာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here