ရန်ကုန်တိုင်းအတွင်း စီးနင်းနေသည့် ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်ဟုဆို

0
506

ရန်ကုန်တိုင်းအတွင်း မောင်းနင်ပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များကို အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအောက်ရှိ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ ပုံမှန် အစည်းအဝေးနှင့် ဆပ်ကော်မတီ (၄)ခု ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အရေးယူရခြင်းမှာ ဘေးတွဲဆိုင်ကယ်များ အသုံးပြု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းများရှိ၍ ယခုကဲ့သို့ ဖမ်းဆီးအရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပြီး အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌများက ဆွေးနွေးပေးရန်လည်း ဝန်ကြီးက ပြောကြားခဲ့သည်။

မော်တော်ယာဉ်များ နံပါတ်ပြားလဲလှယ်တပ်ဆင်ခြင်း ပညာပေးကာလ ကုန်ဆုံးပြီဖြစ်၍ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုထိရောက် စနစ်ကျစွာ ထိန်းသိမ်းနိုင်ရေး၊ ခရိုင်၊ မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့များက အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ကြရန်လည်း လုံ/နယ်ဝန်ကြီး က မှာကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာဉ်မောင်းစဉ် အရက်သေစာသောက်စားမှုများ၊ ထိုင်ခုံခါးပတ် ပတ်မှုရှိ၊ မရှိ၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးပြုမှု၊ အရှိန်နှုန်းမြှင့်တင် မောင်းနှင်မှုများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်လည်း ၄င်းကထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး၊ ဒုတိယ ရဲမှူးကြီး မျိုးအောင်မြင့်က စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှင်းလင်းမှု အခြေအနေများ၊ အရှိန်ပြင်း မောင်းနှင်မှု အရေးယူဆောင်ရွက်နေမှု၊ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးအရေးယူ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here