ဒေသခံတိုင်းရင်းသား ခေါင်းဆောင်ငယ် များပေါ်ပေါက်လာရေးရည်မှန်း ကာ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ပျိုးထောင်ပေးခဲ့သည့် သင်တန်းဆင်းစုစုပေါင်း (၁၄၀၅၈) ဦးရှိ

0
303

ယနေ့ ဧပြီလ (၂၄) ရက် နံနက်ပိုင်းက နစက ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်( ၅ )ကျောင်း သား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ သည်။

ယင်းသို့ တွေ့ဆုံစဉ် နစက ဥက္ကဋ္ဌက အစိုးရ အနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိပကတိ အခြေအနေများနှင့် ကိုက်ညီသည့် ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် ဦးတည်ချက် (၁၂) ရပ်ကို ချမှတ်ကာ နိုင်ငံတော်အတွက်မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်နေ‌ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို မူဝါဒများ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ကြိုးပမ်းဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယင်းသို့ ဆောင်ရွက်ရာတွင်လည်း “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူ လူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့်လူမှုစီးပွားဘဝများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက လာရောက်တွေ့ဆုံသည့် ကျောင်းသား/ ကျောင်းသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် နစက အနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်အဖြစ် “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး”၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် “စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး”နှင့်“ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”ကို ဦးတည်ချက် ထားကာ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်ကို ရည်ရွယ်ချက် (၅) ရပ်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသား ခေါင်းဆောင်ငယ် များပေါ်ပေါက်လာရေးရည်မှန်း ကာ လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ရာ လက်ရှိတွင် သင်တန်းဆင်းစုစုပေါင်း (၁၄၀၅၈) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း တက်ရောက်လာသည့် ကျောင်းသူ / ကျောင်းသားများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here