ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်ပြီး ပေ ၂၀ ၀န်းကျင် ချောက်အတွင်းထိုးကျမှုကြောင့် ၃ ဦးသေ ၃ ဦးဒဏ်ရာရရှိမှု မိုင်းဖြတ်မြို့တွင်ဖြစ်ပွား

0
257

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့တွင် ယနေ့ ဧပြီလ ၂၄ ရက် နံနက်ပိုင်းက ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်ပြီး ပေ ၂၀ ၀န်းကျင် ချောက်အတွင်းထိုးကျမှုကြောင့် ၃ ဦးသေ ၃ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

မိုင်းဖြတ်မြို့၊ နန့်နမ်းရှမ်းရွှာ အကျော် ၃ ဖာလုံခန့်တွင်တာချီလိတ် မှ မိုင်းယောင်းမြို့သို့ဘုရားဖူးသွားသော Vigo ကားတစ်စီးသည် အရှိန်လွန်ပြီး ပေ ၂၀ ဝန်းကျင်ရှိ ချောက်အတွင်း ထိုးကျသွားခဲ့သည်။

“လမ်းက ကျဉ်းပြီး ကွေ့များတယ်၊ အဲ့တာကို အရှိန်နဲ့မောင်းတယ်လေ၊ အရှိန်မနိုင်ဘဲ ချောက်ထဲကျသွားတာ၊ စိုးရိမ် ဒဏ်ရာရတွေကို အချိန်မှီဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်သူတစ်ဦးကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဥ်မောင်းကျား(၁)ဦး မ(၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်အီနန်း ၄၉ နှစ်၊ ဒေါ်ပါခမ်း ၆၂ နှစ်၊ ဒေါ်ပါပန် ၆၁ နှစ်ံတို့မှာ မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

သေဆုံးသူ ၃ ဦး၏ ဈာပနအခမ်းအနားကို ယနေ့ညနေပိုင်းက တာချီလိတ်မြို့တွင်ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here