ဆန်နှင့် ဆန်ထွက်ပစ္စည်းတွေကို ကျွမ်းကျင်အဖွဲ့ကစစ်ဆေးပြီးမှသာလျှင် ပြည်ပသို့တင်ပို့ခွင့်ပြုမည်

0
265

ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့ရာတွင် ကျွမ်းကျင်အဖွဲ့မှ အရည်အသွေးနှင့်အလေးချိန်ကိုက်ညီကြောင်း စစ်ဆေးအတည်ပြုချက်ရပြီးမှသာလျှင် တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ စစ်ဆေးမှုမျိုး ယခင်က မရှိခဲ့သော်လည်း ဝယ်ယူသူများမှ တာဝန်ပေးသည့် တတိယ အဖွဲ့အစည်းများက စစ်ဆေးမှုမျိုးလုပ်ဆောင်ကြရာ စာချုပ်ပါအချက်အလက်များနှင့် ကွာဟမှုများကြောင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိကြောင်း သိရသည်။

ထို့ကြောင့် ပြည်ပသို့တင်ပို့မည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းအရေအသွေးနှင့် အလေးချိန်ကို စစ်ဆေးရန် လက်ရှိတွင် မြန်မာကုန်ပစ္စည်း စစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်ကို ကျွမ်းကျင်အဖွဲ့အစည်းအဖြစ် တာဝန်ပေးအပ်ထားသည်။

“ စာချုပ်ပါ သတ်မှတ်ချက်များနဲ့ ကိုက်ညီမှုမရှိပဲ ကွဲလွဲတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့တဲ့အတွက်ကြောင့် နိုင်ငံတော်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်တဲ့အတွက် ထိန်းကျောင်းဆောင်ရွက်ဖို့ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ကနေ တာဝန်ပေးအပ်ခြင်းဖြစ်ပါတယ်။ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်ဟာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်”ဟု စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး ကပြောကြားထားသည်။

အဆိုပါ ကျွမ်းကျင်အဖွဲ့သည် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ အလေးချိန်နှင့် အရေအသွေး ကိုက်ညီမှု ရှိ၊မရှိ အရည်အသွေး ထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များ ပြည့်စုံစွာ ဆောင်ရွက်ထားမှု ရှိ၊ မရှိကို စစ်ဆေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စစ်ဆေးအတည်ပြုချက်များ ရရှိပြီးမှသာ ပြည်ပတင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ မရှိဘူး။ ဆန်/ဆန်ကွဲရှိမရှိပဲစစ်တာ။ ဒါကိုကျွမ်းကျင်အဖွဲ့လို့ မဆိုလိုဘူး။ ပြီးတော့ ဒါကအဖွဲ့အစည်းမဟုတ်ဘူး။ အကုန်အတူတူပဲ။ လုပ်ထုံးလုပ်နည်းပိုသွားတာပဲရှိတယ်။ အသင်းချုပ်နဲ့ စီးပွားကူးသန်းပေါင်းပြီးလုပ်တာပေါ့။ အသင်းချုပ်က အဖွဲ့ဝင်အချို့ရယ်၊ ပြင်ပကုမ္ပဏီက လူတွေပါပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here