ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းတို့ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေး

0
278

မြန်မာနိုင်ငံ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဧပြီ (၂၄) ရက် မွန်းလွဲပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်(ဟောင်း)၊ The Elders အဖွဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုး တက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

မစ္စတာ ဘန်ကီမွန်းသည် ယမန်နေ့ နံနက်ပိုင်းကလည်း နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here