အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

0
250

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ ကုန်သွယ်ရေးနှင့်စီး ပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် နှစ်နိုင်ငံ‌ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယသံရုံး (ရန်ကုန်) နှင့် Global Network Internatio nal Trade Advisory တို့ ပူးပေါင်း၍ “India-Myanmar Multisector B2B Matchmaking” ကို ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂၄ ရက် ရန်ကုန်မြို့ အိန္ဒိယစင်တာတွင် ကျင်းပခဲ့သ ည်။

အဆိုပါ Matchmarking တွင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ပူးပေါင်းတိုးမြှင့် ဆောင်ရွ က်နိုင်ရေးအတွက် လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း လုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ၊ ချည်မျှင်နှင့် အထည်အလိပ်လု ပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်လုပ်ငန်း၊ နည်းပညာ (IT) ၊ စိုက်ပျိုးရေး၊ ကြံနှင့် သကြားထုတ်လုပ်မှုလု ပ်ငန်း၊ စွမ်းအင်နှင့် ဘဏ်လုပ်ငန်းစသည့် ကဏ္ဍများတွင် မြန်မာလုပ်ငန်းရှင်များနှင့် Joint Venture ဆောင်ရွက်နိုင်ရေးအတွက် Multisector B2B ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ Matchmarking ပွဲက  မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ အကြားမှာ စီးပွားရေး တိုးတက်စေဖို့ အခွင့်အလမ်းရရှိမှာဖြစ်ပါတယ်၊ ပုဂ္ဂလိကကဏ္ဍအတွက် စီးပွားရေးနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ကုန်ထုတ်လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း၊ အထည်ချုပ်၊   ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ၊ နည်းပညာက ဏ္ဍများမှာ အဓိက ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု  ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယစီးပွားရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် Mr.Jagat Shah က “ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အဓိကဆောင်ရွက်လိုပြီး လုပ်ငန်းတူ ပူးပေါင်းရန် အိန္ဒိယကုမ္ပဏီ (၂၅) ခု ပါဝင်လာခဲ့ကြောင်းနှင့် နှစ်နိုင်ငံအကြား တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

နည်းပညာကုမ္ပဏီများ၊ ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီများ အများဆုံး ပါဝင်ပြီး နည်းစနစ်များကို ကောင်းမွန်စွာ အ သုံးချကာ ရေရှည်တိုးတက်ရန် ပူးပေါင်းသွားမည်ဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်းလည်း Mr.Jagat Shah က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် အိန္ဒိယစီးပွားရေး ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို အသီး သီးရှင်းလင်း တင်ပြခဲ့ပြီး မြန်မာလုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ ကုန်သည်စက်မှုအသ င်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါက်တာ ဝင်းစည်သူ၊ ဦးဆန်းလင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝ၊ ဦးအောင်စိုးသာ၊ ဦးအောင်ဇေယျာလွင်၊ ဦးဇော်မင်းသန့် ၊ ဗဟိုအ လုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ နှစ်နိုင်ငံစီးပွား ရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here