ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ်ပြန်လည်ကျဆင်းလာ

0
194

ဧပြီလ တတိယ အပတ်မှစတင်ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ်ပြန်လည်ကျဆင်း လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ယနေ့ ဧပြီလ (၂၅) ရက် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ် နေသည့် ဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၄၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၄၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၁၉၈၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၀၆၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်၊ (၂၃) ရက် နှင့် (၂၄) ရက်တွင် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ခဲ့သည့် စက်သုံးဆီဈေးနှုန်းများမှာ  ၉၂ တစ်လီတာ ၂၀၅၅ ကျ ပ်၊ ၉၅ တစ်လီတာ ၂၁၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၉၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၅၅ ကျပ်  ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ (၂၀) ရက်နေ့ စက်သုံးဆီဈေးနှုန်းမှာ ၉ ၂ တစ်လီတာ ၂၁၂၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၂၀ ကျ ပ်၊ ဒီဇယ်တစ်လီတာ ၂၀၃၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၁၁၀ ကျပ်၊ ဧပြီလ (၂၁) ရက်နေ့ စက်သုံးဆီဈေးနှု န်းမှာ ၉၂ တစ်လီတာ ၂၀၆၅ ကျပ် ၊၉၅ တစ်လီတာ ၂၁၆ ၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၁၉၉၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၇၅ ကျပ်ဖြစ်ကြောင်း ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

အဆိုပါ ဈေးနှုန်းများအရ ယခုရက်ပိုင်းအတွင်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်အတွင်း (၉၂) နှင့် (၉၅) ဈေးနှုန်းများ အနည်းငယ် ပြန်လည်ကျဆင်းလာပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဈေးနှုန်းများ ယခင်ဈေးနှုန်းထက်မသိမသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here