ထား၀ယ်တွင် ရေတွင်းဟောင်းတူးနေစဉ် မြေထိန်းနံရံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးပိတ်မိနေ

0
354

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ယနေ့ (ဧပြီ ၂၅) နံ နက်ပိုင်းက ရေတွင်းဟောင်းတူးနေစဉ် မြေထိန်းနံရံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးပိတ်မိ‌ခဲ့သည့် ဖြစ်စဉ်ဖြ စ်ပွားခဲ့ကြောင်း ထား၀ယ်မီးသတ်တပ်ဖွဲ့ထံ‌မှ သိရသည်။

ထား၀ယ်မြို့၊ သဗြေချောင်းအထပ်သားစက်ရုံတွင် ယနေ့ နံနက် (၈) နာရီခွဲ ဝန်းကျင်က ရေတွင်းအဟောင်းတူးဖော်နေစဉ် မြေထိန်းနံရံပြိုကျပြီး အမျိုးသားတစ်ဦး ပိတ်မိနေခြင်းဖြစ်သည်။

” အခု အချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်နေတုန်းပဲ၊ ရေတွင်းထဲ ပိတ်မိနေသူကို မတွေ့ရသေးပါဘူး” ဟု ထား၀ယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ ရေတွင်းဟောင်းမှာ အနက် ၂၉ ပေခန့်ရှိပြီး ထား ၀ယ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဒေသတွင်းလူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ဦးနိုင်မျိုးသွင်


LEAVE A REPLY

Please enter your comment!
Please enter your name here