အင်ဒိုနီးရှားတွင် ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်, ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရ

0
221

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမာတြားကျွန်း အနောက်ဘက်တွင် ဧပြီလ ၂၅ ရက် အင်္ဂါနေ့က ပြင်းအား ၇ ဒသမ ၃ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အာဏာပိုင်များက ဆူနာမီ သတိပေးချက်ကို နှစ်နာရီခန့် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။

ငလျင်သည် နံနက် ၃ နာရီအချိန်ခန့်တွင် မြေအောက်အနက် ၈၄ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယခုလက်ရှိတွင်မူ ဆူနာမီ သတိပေးချက်အား ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ ငလျင်ကြောင့် သေဆုံးသူတစ်ယောက်မျှ မရှိခဲ့ပေ။

ထိုငလျင်ကြောင့် နောက်ဆက်တွဲ ငလျင်အများအပြား ထပ်မံလှုပ်ခတ်ခဲ့ပြီး ငလျင်တစ်ခုဆိုလျှင် ပြင်းအားအဆင့် ၅ အထိ ရှိခဲ့ကြောင်း အင်ဒိုနီးရှား ဘူမိရူပဗေဒ ဌာန၏ အချက်အလက်များက ညွှန်ပြနေသည်။

အနောက်ဆူမာတြားပြည်နယ်၏ မြို့တော် ဘဒန်ရှိ ဒေသခံများသည် ဆူနာမီ သတိပေးချက် ဥဩသံများကြောင့် ကြောက်လန့်ကာ နေအိမ်မှ ကုန်းမြင့်ရှိရာ နေရာများသို့ ညတွင်းချင်း ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ဒေသခံများသည် လက်ရှိတွင် ၎င်းတို့၏ နေအိမ်များသို့ ပြန်နေကြပြီဖြစ်သော်လည်း အင်ဒိုနီးရှား အာဏာပိုင်များကမူ သတိထား၍ နေထိုင်ကြရန် တိုက်တွန်းထားသည်။

Source: Seven News


LEAVE A REPLY

Please enter your comment!
Please enter your name here