ဥရောပတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ကလေးငယ် ၁၂၀၀ ကျော် သေဆုံး

0
114

ဥရောပတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၁၂၀၀ ကျော် အသက်ဆုံးရှုံးရလေ့ရှိကြောင်း ဥရောပသမဂ္ဂ သဘာဝပတ်ဝန်းကျင် အေဂျင်စီ (EEA) က ဧပြီလ ၂၄ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ထို့ပြင် မသန့်ရှင်းသော လေများကို မကြာခဏ ရှူရှိုက်မိသည့် ကလေးငယ်များသည် အသက်ကြီးလာသောအခါ ပုံမှန်လူများထက် နာတာရှည် ရောဂါများ ပိုမိုစွဲကပ်လာနိုင်ချေ ရှိသည်ဟု EEA က ဆိုသည်။

အဆိုပါ အစီရင်ခံချက်မှာ အကြီးစား စက်မှုနိုင်ငံများဖြစ်သော ဗြိတိန်၊ ယူကရိန်းနှင့် ရုရှားတို့မပါဘဲ ဥရောပရှိ နိုင်ငံပေါင်း ၃၀ ကိုသာ အခြေခံ၍ လေ့လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများသာ ပါဝင်ခဲ့ပါက သေဆုံးသူဦးရေမှာ ယခင်ကထက်ပင် ပို၍မြင့်တက်လာနိုင်သည်။

လေထုညစ်ညမ်းမှုသည် ဥရောပတွင်သာမက တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး ပြဿနာဖြစ်ပြီး ပိုမိုပြင်းထန်လာ လျက်ရှိသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၆ သန်းခွဲကျော် အသက်ဆုံးရှုံးနေရပြီး ထိုသေဆုံးသူများထဲမှ ၇၀ ရာခိုင်နှုန်းမှာ မြန်မာပါဝင်သည့် အာရှ-ပစိဖိတ် ဒေသထဲမှ ဖြစ်ကြောင်း သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here