ရန်ကုန်တိုင်းတွင် နောက် (၂) ရက် အထိ မိုးရွာသွန်းမည့်အခြေအ‌နေမရှိသေးကြောင်း မိုး/ဇလ အသိပေး

0
219

ယနေ့ ဧပြီလ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ ရန်ကုန်တွင် လာမည့် (၂) ရက်အထိ မိုးရွာသွန်းမည့် အခြေအနေ မရှိသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထား သည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်များအရ ယနေ့ ဧပြီလ (၂၅) ရက် ညနေပိုင်းအ ထိ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်သော် လ ည်း ရန်ကုန်တိုင်းအတွင်း လာမည့် (၂) ရက်အတွင်း မိုးရွာသွန်းမည့် အခြေအနေမရှိသေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည် နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထ စ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း သိရသည်။

ယနေ့ ဧပြီလ (၂၅) ရက်နေ့မှစပြီး လာမည့် (၂)ရက် အတွ က်ခန့်မှန်းချက်များအနေဖြင့် တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ယနေ့ညနေအထိခန့်မှန်းချက်များအနေဖြင့် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here