ချမ်းမြသာစည်တွင် အိမ်စီးကားပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသား (၁) ဦးသေဆုံး၊ (၁) ဦးဒဏ်ရာရကာ ကား (၂)စီးပျက်စီး

0
322

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး – စစ်ကိုင်းသွား ကမ်းနားလမ်းရှိ ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့တွင် ယနေ့ ဧပြီ(၂၅)ရက် မွန်းလွဲ(၂)နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့တွင် Isuzu (အဖြူရောင်) ယာဉ်ပေါ်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကားနောက်ပိုင်းမှာလည်း ကြေမွပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ကနဦး စစ်ဆေးချက်အရ ကားပေါ်ကနေ ပေါက်ကွဲသွားတာပါ။ အသေးစိတ် စစ်ဆေးဆဲပါ။ ကားမောင်းတဲ့ လူက သေဆုံးသွားတယ်” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်စဥ်တွင် အခင်းဖြစ်နေရာအနီးမှ ဖြတ်သန်းသွားသည့် ယာဉ်တစ်စီးမှာ အနည်းငယ်ပျက်စီးသွားခဲ့ပြီး (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here