ဂျပန်အ‌ခြေစိုက် Daiohs Memorial Foundation မှ မြန် မာကျောင်းသား (၂၀) ဦးကို ပညာသင်ဆုထောက်ပံ့မည်

0
268

ဂျပန်နိုင်ငံအခြေစိုက် Daiohs Memorial Foundation က
၂၀၂၃ ခုနှစ်အတွက် ပညာတော်သင်ဆုအနေဖြင့် မြန်မာကျောင်းသား (၂၀) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပ ညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပညာသင်ဆုအတွက် ပညာသင်ဆု ထောက်ပံ့မ ည့် ကျောင်းသား (၂၀) ဦးကို ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀ ၂၅ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း (၁၀,၀၀၀) တိ တိကို (၆)လတစ်ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြော င်း သိရသည်။

ယခုနှစ်အတွက် ချီးမြှင့်မည့် ပညာသင်ဆုသည် တက္က သိုလ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် သုတေသနပညာရှင်များအား ထောက်ပံ့ပေးရန်အတွက် ရည်ရွယ်ကြောင်းလ ည်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းမှ ပေးအပ်သည့် ပညာသင်ဆုအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့်အပြင် အခြားအဖွဲ့အ စည်းများမှ ပေးအပ်သည့် ပညာသင်ဆုကိုလည်း လက်ခံနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

ပညာသင်ဆု လျှောက်ထားရာတွင် ပြည့်မီရမည့် အချက် အလက်များ၊ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ပတ် သက်၍ အသေးစိတ်သိရှိလိုပါက ဂျပန်နိုင်ငံဆိုင်ရာ မြန် မာသံရုံး၏ ဝက်ဆိုက်ဒ်တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်၊၊


LEAVE A REPLY

Please enter your comment!
Please enter your name here