ရုရှားသို့ကုန်ပစ္စည်းတင်ပို့မှုအား G -7 တားမြစ်ပါက ဂျုံတင်ပို့မှုသဘောတူညီချက်လည်း ဆက်ရှိမည်မဟုတ်ဟုရုရှားဆို

0
207

အစ္စတန်ဘူလ်၊ဧပြီ ၂၅

G – 7 အနေဖြင့် ရုရှားသို့ ကုန်ပစ္စည်းတင်ပို့မှုအားလုံးကိုတားမြစ်ပါက ပင်လယ်နက်ဂျုံသဘောတူညီချက်ကိုလည်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း မော်စကိုမှ တာ၀န်ရှိသူတစ်ဦးက သတိပေးပြောကြားခဲ့သည်။

ရှရှားလုံခြုံရေးကောင်စီအကြီးအကဲ ဒီမီထရီမက်ဗီဒက်ကမူ  G – 7 ၏ဆုံးဖြတ်ချက်သည် ၎င်းတို့အတွက် အခက်အခဲဆုံးအရာဖြစ်သည့် ရှရှားသွင်းကုန်များ မရရှိနိုင်ခြင်း အခြေအနေဖြစ်သွားနိုင်သဖြင့် ယခုဆုံးဖြတ်ချက်အား အမှန်တကယ်အကောင်အထည်ဖော်ပါက အံ့သြစရာပင်ဖြစ်သည်ဟုပြောကြားခဲ့သည်။

သောကြာနေ့က ဂျပန်အရာရှိတစ်ဦးကမူ G – 7 နိုင်ငံများအနေဖြင့် ရှရှားသို့ ပို့ကုန်တင်ပို့မှုအားလုံးနီးပါးကို ရပ်ဆိုင်းရန် စဉ်းစားနေကြကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်က ကုလသမဂ္ဂနှင့်တုကီယေးတို့၏ ကြား၀င် စေ့စပ်မှုဖြင့် ရှရှားနှင့်ယူကရိန်းတို့ကြား ပင်လယ်နက် ဂျုံတင်ပို့မှုသဘောတူညီချက်အရ ယခုအချိန်အထိ ဂျုံတန်ချိန် ၂၈ ဒသမ ၃ သန်းအား ပင်လယ်နက်ဆိပ်ကမ်းသုံးခုမှတစ်ဆင့် ဘေးကင်းစွာ တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။

သို့သော် အဆိုပါသဘောတူညီချက်သည် မေလ ၁၈ ရက်နေ့၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရှရှားသို့ ကုန်ပစ္စည်း တင်ပို့မှုကို G – 7 နိုင်ငံများမှတားမြစ်ပါက ပင်လယ်နက်သဘောတူညီချက်လည်း သက်တမ်းထပ်တိုးရန် အကြောင်းမရှိဟု ရှရှားက သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here