Grade-9 အောင်မြင်ပြီးသူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး Grade-10 သင်ရိုးသစ်များ ပြင်ဆင်နေ

0
373

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-9 အောင်မြင်ပြီးသူများ အနေဖြင့် စနစ်သစ်၏ ရွေးချယ်စ ရာ သင်ရိုးသစ်များပေါ်လာမည်ဖြစ်ရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး Grade-10 သင်ရိုးသစ်များ ပြင်ဆင်နေကြော င်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စ က်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်း ဆရာ/ဆရာမများအတွက် Grade -10 သင်ရိုး စိုက်ပျိုး ရေးနှင့် မွေးမြူရေး အထူးပြုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ‌တော်အတွက် လိုအပ်သည့် အသိပညာ၊ အတတ် ပညာရှင်များနှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကဏ္ဍနှင့် အခြားကဏ္ဍအသီး သီးတွင် ဆောင်ရွက်နေပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတွင်လည်း ကျွမ်းကျင်သူများကို မွေးထုတ်ပေးရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ ခရိုင် (၅၀) ရှိ အ ခြေခံပညာ အထက်တန်းကျောင်း (၅၁) ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ တွဲဖက် ဖွင့်လှစ်သင်ကြားသွားနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပညာရေးဝန်ကြီး ဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အကော င်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပညာရေးစနစ်အတွင်း စက်မှု/နည်းပညာကဏ္ဍအနေဖြင့် အဆောက်အဦနည်းပညာ (Building Technol ogy)၊ လျှပ်စစ်နည်းပညာ (Electrical Technology)နှင့် စက်ပစ္စည်းအစိတ် အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ (Machining Technolo gy) ဘာသာရပ်များကို ပညာသင်ကာလ (၃) နှစ်အတွင်း စာတွေ့၊ လက်တွေ့နှင့်လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများကို အသုံးပြုကာ သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here