မြန်မာ့လက်ရွေးစင်အားကစားသမားများအနေဖြင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ ကြိုးပမ်းသွားကြရမည်

0
152

မြန်မာ့လက်ရွေးစင်အားကစားသမားများအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအပြင် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကမှာကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)ဆောင်၌ပြုလုပ်သည့် ကမ္ဘော ဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှည်ပြိုင်မည့် မြန်မာအား ကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

“အရှေ့တောင်အာရှအားကစားပြိုင်ပွဲဟာ အာဆီယံမှာ အမြင့်မားဆုံး အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပါတယ်၊ မြန်မာ့လက်ရွေးစင်အားကစားသမားတွေအနေနဲ့ ဒီပြိုင်ပွဲမှာတင်ကျေနပ်မနေဘဲ အာရှ အိုလံပစ် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အထိ မျှော်မှန်းကြိုးပမ်းသွားကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အားကစားသည် နိုင်ငံတစ်နိုင်ငံ၊လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့်စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အား ကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်သည်ဟု ဆိုသည်။

အားကစား အောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်ရန် ယခုနိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ရပ်အား နိုင်ငံ့ကိုယ်စားပြု သွား ရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့်အခွင့်
အလမ်း ဖြစ်သည်ဟု ဆိုသည်။

“အမိမြန်မာနိုင်ငံတော် မြန်မာလူမျိုးရဲ့ဂုဏ်သိ က္ခာနဲ့ပတ်သက်ဆက်နွှယ်နေတဲ့အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံးရဲ့ ပခုံးထက်မှာရှိနေတာကို သတိပြုနှလုံးသွင်းထား ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

“အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်လိုသည့်စိတ် ပေါ်ပေါက်လာစေမည်ဖြစ်သည်ဟု ဆိုသည်။

ယခုနိုင်ငံတော်ကို ကိုယ်စားပြု၍သွားရောက်ယှဉ် ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများသည် ကောင်းမွန်သည့်ကျန်းမာကြံ့ခိုင်မှုနည်း စနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊စံချိန်စံညွှန်းကောင်းမွန်မှု အချက်များနှင့်ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာရှိနေပြီကို ယုံ ကြည်ထားပြီးဖြစ်ကာ ပြိုင်ပွဲတွင်အောင်နိုင်ရေးနှင့်အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့် တာဝန်ကြီးကို နိုင်ငံတော်ကပေးအပ်လိုက်ပြီးဖြစ် ၍ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုကာ အားကစားအောင် မြင်မှုများအတွက်လည်း ထိုက်တန်စွာဂုဏ်ပြု သွားမည်ဟု ဆိုသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကိုအပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here