ပီရူးနိုင်ငံရှိ ထူခြားလှပစွာ စီးဆင်းနေသာ အနီရောင်မြစ်

0
303

ပီရူးနိုင်ငံမှာတည်ရှိတဲ့ ဒီသွေးနီရောင်မြစ်ဟာ ကျောက်ဆောင်တွေ ပေါများတဲ့ ကက်စကို ‌တောင်ကြားတွေကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်စင်းပဲ ဖြစ်ပါတယ်။

ကက်စကို မြို့ကြီးနဲ့ ၆၂ မိုင်အကွာမှာ တည်ရှိတဲ့ ဒီအနီရောင်မြစ်ကို ဒေသခံတွေကတော့ ပဲလ်ကီလာ ပူကာမာယူ မြစ်လို့ ခေါ်ကြပါတယ်။ ထူးခြားတာကတော့ ဒီမြစ်ဟာ အနီရောင်မြစ် အဖြစ်နဲ့ ၅ ကီလိုမီတာအထိပဲ စီးဆင်းပြီး အဲဒီနောက်ပိုင်း အခြား မြစ်ငယ်၊ ချောင်းငယ်တွေနဲ့ ပေါင်းစပ်သွားလို့ သူရဲ့ မူလအရောင်အသွေးလည်း ပျောက်ဆုံးသွားပါတယ်။

ဒါ့ပြင် ပဲလ်ကီလာ ပူကာမာယူ မြစ်ရဲ့ ရေတွေဟာ တစ်နှစ်ပတ်လုံးနီးပါး ရွှံ့ညိုရောင် ဖြစ်နေတတ်တဲ့အတွက် အနီရောင်မြစ်အဖြစ် စီးဆင်တာကို မြင်ချင်ရင်တော့ ပီရူးနိုင်ငံရဲ့ မိုးရာသီဖြစ်တဲ့ ဒီဇင်ဘာလမှ ဧပြီလကြားမှာ သွားရောက်လည်ပတ်သင့်ပါတယ်။

ဒီလိုဖြစ်ရတာက အကြောင်းရင်းတော့ရှိပါတယ်။ ပဲလ်ကီလာ ပူကာမာယူ မြစ်ဟာ မိုးရာသီဆိုရင် သူစီးဆင်းလာတဲ့ တောင်တွေကနေ သံအောက်ဆိုဒ်တွေ ပြည့်နှက်နေတဲ့ မြေကြီးတွေကို သယ်ဆောင်လာပါတယ်။ အဲဒီမြေကြီးတွေကြောင့်ပဲ မြစ်ရေတွေဟာ အနီရောင်ရေအဖြစ်သို့ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။

ပဲလ်ကီလာ ပူကာမာယူ မြစ်နဲ့ ပတ်သက်ပြီး သေသေချာချာ မှတ်တမ်းတင်ထားတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ ရှိနေပေမယ့် လူအများစုကတော့ အဲဒီမြစ် တကယ်ရှိတယ်ဆိုတာကို အခုအချိန်ထိ သံသယဝင်နေဆဲဖြစ်ပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here