မိကျောင်း ပါးစပ်ထဲ၌ ရှာတွေ့ခဲ့သော ကလေးအား သတ်သည့် တရားခံမှာ ဖခင်ဖြစ်

0
252

ဖလော်ရီဒါ၊ ဧပြီ ၂၅

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲတွင် သေဆုံးလျက် ရှာတွေ့ခဲ့သော ၂ နှစ်သားအရွယ် ကောင်လေးအား သတ်ခဲ့သည့် လူသတ်တရားခံမှာ ဖခင်ဖြစ်ကြောင်း အာဏာပိုင်များက ဧပြီလ ၂၄ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

တေလန် မော့စလီ သည် မတ်လ ၃၀ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ပြီး သူ၏ အလောင်းကိုမူ ရဲတပ်ဖွဲ့က နောက်နေ့တွင် စိန့်ပီတာဘတ် မြို့ရှိ မက်ဂွဲယား ရေကန်၌ နေထိုင်သော မိကျောင်းတစ်ကောင်၏ ပါးစပ်ထဲတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။ တေလန်၏ မိခင်ဖြစ်သူ ပါရှန် ဂျက်ဖရီမှာလည်း သူ့သား ပျောက်ဆုံးသွားသောနေ့တွင် နေအိမ်၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

ထိုသားအမိနှစ်ယောက်စလုံးအား သတ်ခဲ့သူမှာ အိမ်ထောင် ဦးစီးဖြစ်သည့် သောမတ် မော့စလီ ဆိုသူ ဖြစ်ပြီး လက်ရှိတွင် ပထမအဆင့် လူသတ်မှု ၂ မှုဖြင့် တရားစွဲခံထားရသည်။

‌ ရဲတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ စစ်ဆေးသူများသည် တေလန်၏ သေဆုံးမှုကို ရေနစ်သေဆုံးရခြင်း ဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း တနင်္လာနေ့ တွင် ပြောလာခဲ့သည်။

ဂျက်ဖရီနှင့် သူ၏ မိသားစုဝင်များသည် နေ့တိုင်း ဖုန်းပြောကြလေ့ရှိသဖြင့် ဂျက်ဖရီ ဖုန်းမကိုင်သည့်နေတွင် မိသားစုဝင်များက စိုးရိမ်စိတ်ဖြင့် သူ၏ တိုက်ခန်းသို့ သွားရောက် ကြည့်ရှုခဲ့ရာမှ အဆိုပါအမှုမှာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျက်ဖရီနှင့် တေလန်တို့အတွက် ဈာပနာပွဲကိုမူ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပေးခဲ့သည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here