ထုဆစ်မှု ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်နေမှုကို နစက ဥက္ကဋ္ဌကြည့်ရှု

0
228

ထုဆစ်မှု ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည့် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်ဆောင် ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုကို နစက ဥက္ကဋ္ဌမှ ဧပြီ ၂၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌအား ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးကံမြင့်သန်းက ဧပြီ ၅ ရက်နှင့် ၂၂ ရက်နေ့များက နစက ဥက္ကဋ္ဌ၏ မှာ ကြားချက်များအပေါ်ဆောင်ရွက်ပြီးစီးမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန်ဆောင်ရွက်နေမှု၊လက်မှုအချောထည်များဆောင်ရွက်နေမှု၊ဥဏ္ဏလုံမွေးရှင်တော်တပ်ဆင်ပူဇော်ရန် ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အတိုင်းအတာနှင့်အလေးချိန်ဆိုင်ရာအချက်အလက်များကို QR Code ဖြင့်ဖော်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိမှုများကိုရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် စစ်ထောက်ချုပ် ဒု-ဗိုလ်ချုပ်ကြီးကျော်စွာလင်းကလည်း ဗုဒ္ဓဥယျာဉ်အတွင်း သာသနိကအ ဆောက်အအုံများ၊ရေပန်းရင်ပြင်၊ရင်ပြင်တော်၊ ဂန္ဓကုဋိတိုက်၊မုစလိန္ဒအိုင်နှင့်နဂါးရုံဘုရားတည် ဆောက်ခြင်း၊သာသနာ့ဗိမာန်တည်ဆောက်ခြင်းနှင့်ကျောက်စာရုံစေတီများတည်ဆောက်ခြင်း၊အဝင်မုဒ်ဦးများတည်ဆောက်နေမှုနှင့်လုပ်ငန်းတိုး တက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးထုဆစ်ပြီးစီးမှု၊တံခွန်တိုင်တည် ဆောက်နေမှု၊ဂန္ဓကုဋိတိုက်များတည်ဆောက်ပြီးစီးမှု၊သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ရေပန်းရင်ပြင်တည်ဆောက်ပြီးစီးမှု၊အဝင်မုခ်ဦးများတည်ဆောက်ပြီးစီးမှု၊ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊မုစလိန္ဒအိုင်တည် ဆောက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက်က ရတနာပလ္လင်တော်ထက်သို့ စတင်ပင့် ဆောင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက်အလယ် ဗဟိုဌာနများတွင်လည်း အဖိုးတန်ကျောက်မျက်ရတနာဌာပနာတော်ကုသိုလ်ပစ္စည်းများဌာပနာသွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ နှင့်ဖေဖော်ဝါရီ ၁၀ ရက်တို့က ကျင်းပပြီးစီးခဲ့ကာ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အ ပိုင်း ၄ ကိုရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ပြီး လက်ရှိအချိန်၌ မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးထုဆစ်မှုမှာ ၉၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ သာသနိကအဆောက်အအုံများနှင့်ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာလည်း ၈၂ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here