မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားဖိတ် စာများအား ဧပြီ ၂၈ ရက်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကိုယ်တိုင်ထုတ်ယူရမည်

0
374

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်မည့်သူများအနေဖြင့် ဖိတ်စာများအား ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသိပေးခဲ့သည်။

အခမ်းအနားတက်ရောက်မည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် ရုပ်ရှင်ထူးချွန်ဆုရပြီးသူများ၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင်ရုံတင်ပြသခဲ့သော ဇာတ်ကားများ၏ ထုတ် လုပ်သူများနှင့်သက်ဆိုင်သူများ၊အခမ်းအနားတက်ရောက်လိုသည့် အလွှာအသီးသီးမှပုဂ္ဂိုလ် များအတွက် အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအား မေ ၆ ရက်တွင် နေပြည်တော်၊မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here