အမရပူရမြို့နယ် ဗားကရားကွေ့တွင် အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး ဓါတ်တိုင်ဝင်တိုက်မှု ဖြစ်ပွား

0
178

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဗားကရားကွေ့တွင် အိမ်စီးကားတစ်စီး အရှိန်လွန်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မှု ယမန်နေ့ ဧပြီ (၂၅) ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်၊ ဗားကရားကွေ့တွင် ယမန်နေ့ည (၁၁) နာရီ (၄၅) မိနစ်ခန့်က အိမ်စီးကားတစ်စီး အရှိန်ပြီး ဓါတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားကြောင်းဆက်သွယ် သတင်းပေးပို့လာသည့်အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးယာဥ် ၊ လူနာတင်ယာဥ်တို့နှင့်အတူ တိုင်းရုံးအဖွဲ့ဝင်များ ထွက်ခွာကာ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

” အရှိန်လွန်ပြီး လမ်းဘေးက ဓာတ်တိုင်ကို ၀င်တိုက်မိတာပေါ့၊ အသက်ကယ် လေအိတ်ပွင့်သွားလို့ သက်သာသွားတာ။ ကားခေါင်းပိုင်းကတော့ ပျက်စီးသွားတယ် ” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် လူထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘဲလိုအပ်သည်များကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here