၂၀၂၄ ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံမည်–ဘိုင်ဒင်

0
150

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်အရွေးခံရန်အတွက် ၎င်း၏ မဲဆွယ်စည်းရုံးမှုကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။

ဘိုင်ဒင်သည် ဧပြီလ ၂၅ ရက် အင်္ဂါနေ့တွင် လာမည့်နှစ် ရွေးကောက်ပွဲ၌ ပြန်လည်အရွေးခံမည်ဖြစ်ကြောင်း ဗီဒီယိုတစ်ပုဒ် ထုတ်ပြန်ကာ ကြေညာခဲ့သည်။

ထို့ကြောင့် ဘိုင်ဒင်သည် လာမည့်ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီကို အဓိက ဦးဆောင်မည့်သူ ဖြစ်လာပြီး ရီပဗ္ဗလစ်ကန် ပါတီမှ ပြိုင်ဘက်ဟောင်း ဒေါ်နယ် ထရမ့်နှင့် ဒုတိယအကြိမ် အကြိတ်အနယ် ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

ဒီမိုကရက်တစ် ပါတီဝင် အများစုက လာမည့်နှစ် ရွေးကောက်ပွဲတွင် အသက် ၈၀ အရွယ် ဘိုင်ဒင်ကိုသာ ထောက်ခံမဲပေးသွားမည်ဟု သိရသော်လည်း သူ၏ အသက်အရွယ်အရ လုပ်ဆောင်ချက်များကပါ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။

ရီပဗ္ဗလစ်ကန် ပါတီကလည်း ဘိုင်ဒင် ပြန်လည်ရွေးကောက်ခံမည့် အပေါ် သူသာ နောက်တစ်ကြိမ် သမ္မတ ဖြစ်လာပါက ငွေကြေးဖောင်းပွမှုနှင့် ရာဇဝတ်မှုနှုန်းများ ထိန်းမနိုင်အောင် မြင့်တက်လာမည်ဖြစ်ပြီး အမေရိကန်မိသားစုများ၏ ဘဝအခြေအနေလည်း ပိုမိုဆိုးရွားလာမည်ဟူ၍ ထိုးနှက်တုံ့ပြန်ခဲ့သည်။

Source: အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here