မြန်မာ – ကနေဒါ နှစ်နိုင်ငံကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ရန်ဆွေးနွေး

0
159

ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းနှင့် ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗင်ကူးဗားမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းမှ ဗင်ကူးဗားမြို့ အခြေစိုက်မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung အား ဧပြီ (၂၅) ရက်မွန်းလွဲ (၂) နာရီခွဲက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး ဗြိတိသျှကိုလံဘီယာ ပြည်နယ်ရှိ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်လည်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပညာရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်‌ဆောင်သွားရန်လည်း မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Dr. Peter Chung တို့ ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here