ထိုင်းတွင် ကိုဗစ်ဖြင့်ဆုံးသူနှစ်ဦးရှိလာ

0
229

သင်္ကြန်ပွဲတော်အပြီး ဘန်ကောက်တွင် COVID-19 ကူးစက်ရောဂါ ပြန်လည်ဖြစ်ပွားလာ​နေရာ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိ​နေပြီဖြစ်သည်။

ဧပြီလ ၂၅ ရက်နေ့တွင် နေအိမ်၌ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး နှစ်ဦးစလုံးမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။အသက် ၅၂ နှစ်အရွယ် နှင့် အသက် ၂၂ နှစ် အရွယ်အမျိုးသားနှစ်ဦးဖြစ်သည်။ လူငယ်က ၃ရက်ခန့်ဖျားပြီး​နောက် ရင်ဘတ်​အောင့်ကာ ကွယ်လွန်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏​ရွေး​ကောက်ပွဲသည်လည်း​မေလလယ်တွင်ကျင်းပ​တော့မည်ဖြစ်ရာမဲဆွယ်​နေကြသည့်အချိန်လည်းဖြစ်သည်။

ကိုဗစ်လူနာများရှိလာပါက အသုံးပြုရန်လူနာတင်တွန်းလှည်းအား ပလပ်စတစ်အကာအရံများဖြင့် စီမံထားပြီး အ​​​ရေး​ပေါ် အ​ပေါက်အနီးတွင် ထားထားသည်ကို ဘန်​ကောက်ရှိ​ဆေးရုံတစ်ရုံတွင်​တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here