သင်္ကြန်ပွဲတော်အပြီး ဘန်ကောက်တွင် COVID-19 ကူးစက်ရောဂါ ပြန်လည်ဖြစ်ပွားလာနေရာ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနေပြီဖြစ်သည်။
ဧပြီလ ၂၅ ရက်နေ့တွင် နေအိမ်၌ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး နှစ်ဦးစလုံးမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။အသက် ၅၂ နှစ်အရွယ် နှင့် အသက် ၂၂ နှစ် အရွယ်အမျိုးသားနှစ်ဦးဖြစ်သည်။ လူငယ်က ၃ရက်ခန့်ဖျားပြီးနောက် ရင်ဘတ်အောင့်ကာ ကွယ်လွန်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ရွေးကောက်ပွဲသည်လည်းမေလလယ်တွင်ကျင်းပတော့မည်ဖြစ်ရာမဲဆွယ်နေကြသည့်အချိန်လည်းဖြစ်သည်။
ကိုဗစ်လူနာများရှိလာပါက အသုံးပြုရန်လူနာတင်တွန်းလှည်းအား ပလပ်စတစ်အကာအရံများဖြင့် စီမံထားပြီး အရေးပေါ် အပေါက်အနီးတွင် ထားထားသည်ကို ဘန်ကောက်ရှိဆေးရုံတစ်ရုံတွင်တွေ့ရသည်။