ဂျပန်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာသည့် အသက် ၂၆ နှစ် အရွယ် ဟားဗတ်ဘွဲ့ရ ရိုဆူကဲ တာကာရှီမား

0
185

ဂျပန်နိုင်ငံ အရှီယာမြို့ရှိ ဒေသခံများသည် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို မြို့တော်ဝန်အဖြစ် မဲပေးရွေးချယ်ခဲ့ကာ နိုင်ငံ၏ အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာစေခဲ့သည်။

ရိုဆူကဲ တာကာရှီမားသည် ဧပြီလ ၂၃ ရက်နေ့တွင် အရှီယာ၏ မြို့တော်ဝန်ဟောင်း အပါအဝင် ပြိုင်ဘက် ၃ ဦး ကို ထောက်ခံမဲ ၄၆ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသက် အနိုင်ယူကာ ဂျပန်နိုင်ငံသမိုင်းတွင် အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာခဲ့သည်။

ယခင်က ဂျပန်၏ အသက်အငယ်ဆုံး မြို့တော်ဝန်မှာ ကိုတာရို ရှီရှီဒါဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် အသက် ၂၇ နှစ်အရွယ်ဖြင့် မြို့တော်ဝန် ဖြစ်လာခဲ့သူ ဖြစ်သည်။

စစ်တမ်းများအရ ဂျပန်နိုင်ငံရှိ ပါလီမန်အဖွဲ့ဝင် အများစုသည် အသက် ၅၀ မှ ၇၀ နှစ်ကြား ပုဂ္ဂိုလ်များဖြစ်သည်။ ထို့ကြောင့် တာကာရှီမား၏ ယခုကဲ့သို့ မဲအပြတ်အသက်ဖြင့် အနိုင်ရရှိမှုသည် အထင်ကြီး လေးစားစရာကိစ္စရပ်ပင် ဖြစ်သည်။

ထို့ပြင် တာကာရှီမားသည် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်ဂျင်နီယာ ပညာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်ပြီး မဲဆွယ်စဉ်ကာလအတွင်း အသက်ငယ်ငယ်ဖြင့် အိမ်ထောင်ကျသူ မိသားစုများအား ပံ့ပိုးကူညီခြင်း၊ ၁၈ နှစ်အောက် လူငယ်များအတွက် အခမဲ့ ဆေးဝါးကုသပေးခြင်းနှင့် ပိုမိုကောင်းမွန်သော အင်္ဂလိပ်စာ ပညာရေး အစီအစဉ်များ ပို့ချခြင်း စသည့်ကဏ္ဍတို့ကို အဓိကထား၍ မဲဆွယ်ခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here