ပြည်ပတွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက်သစ္စာရှိရှိ ထမ်းဆောင်ကြရန် နိုင်ငံကြားရေးဝန်ကြီးပြော

0
204

နိုင်ငံတော် ကာကွယ်ရေးအတွက် ရှေ့တန်းမှ ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆော င်သွားရန် အရေးကြီးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။

ယမန်‌‌နေ့ ဧပြီလ (၂၅) ရက်က ပြည်ပသို့ သွားရောက်တာ ဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်းများအား တွေ့ ဆုံ အမှာစကားပြောကြားစဉ် ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားရာတွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် လတ်တလော ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုး တက်ပြောင်းလဲမှု အခြေအနေကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရအောင် ကြိုးစားဆော င်ရွက်ကြစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သ ည်။

ပြည်ပတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ အနေ ဖြင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ သာမက သံ တမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လုပ်ငန်းစဉ်များအားလုံး လေးစားလိုက် နာကြရန်လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

အဆိုပါ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွား ရောက် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထော င်စုဝန်ကြီး ဦးကိုကိုလှိုင် အပါအဝင်အဝင် သက်ဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here