မဟာအောင်မြေမြို့၊ ပြည်ကြီးမျက်ရှင်ကား၀င်းအတွင်း ငွေကျပ် သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

0
250

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကား၀င်းအတွင်း ငွေကျပ် သိန်းတစ်‌ထောင်ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဧပြီလ ၂၄ ရက် က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယင်းနေ့ ည ၇ နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ပြည်ကြီးမျက်ရှင်ကား၀င်းအတွင်းရှိ ကားဂိတ်တွင် Super Custom အမျိုးအစား မော်တော်ယာဉ်ဖြင့် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ အောင်ကျော်ဇော (ခ)စစ်မင်းချန့် အား သတင်းအရ စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူလာသည့် စက္ကူဂျပ်ဖာများအတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၂.၀၁၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၀၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် အောင်ကျော်ဇော(ခ)စစ်မင်းချန့်(၃၂)နှစ်အား အမှတ် (၉) မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here