သာကေတ အမှတ်(၁) ကမာကြည် တံတားပေါ်မှ ပြုတ်ကျသည့် အမျိုးသမီးအား ပတ်ဝန်းကျင်က ဝိုင်းဆယ်ပေးခဲ့ရ

0
373

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ အမှတ်(၁)ကမာကြည်တံတားပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျမှု ယမန်နေ့ ဧ ပြီလ (၂၆) ရက်ည (၇) နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ကြော င်း သိရသည်။

တံတားပေါ်မှ ရေထဲသို့ပြုတ်ကျခဲ့သည့် အမျိုးသမီးမှာ အသက်(၂၀)နှစ် ဝန်းကျင်အရွယ်ခန့်ရှိပြီး အနီးပတ်ဝန်း ကျင်မှ ပြည်သူများက ဝိုင်းဝန်းကူညီကာ ဆယ်ယူပေး ခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး တံတားပေါ်မှပြုတ်ကျမှူနှင့် ပတ်သ က်၍ ဖုန်းဆက်အကြောင်းကြားသည့်အတွက် လိုအပ်သ ည့် အကူအညီများပေးနိုင်ရန် မိတ်ဖက်အသင်းများနှင့် သွားရောက်ခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ဖုန်းဆက်အကြောင်းကြားလို့ မိတ်ဖက်အသင်းတွေနဲ့အ တူသွားပြီး ကူညီပေးခဲ့ပါတယ်။ အခင်းဖြစ်နေရာကို ရော က်တော့ အနီးနားက လူတွေက ဝိုင်းဆယ်ပေးထားပြီးပါပြီ။ ဒါ့ကြောင့် လိုအပ်တဲ့ မြေပြင်ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။ မိသားစုဝင်တွေကိုလည်း အကြောင်းကြားပေးပါတယ် “ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တံတားပေါ်မှ ပြုတ်ကျခဲ့သည့် အမျိုးသမီးအား လူမှုစေတနာလူမှု ကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here