တရုတ်သမ္မတနှင့် ယူကရိန်းသမ္မတတို့ဖုန်းပြောခဲ့ကြောင်းသိရှိရ

0
227

ပေကျင်း၊ဧပြီ ၂၆

တရုတ်သမ္မတနှင့်ယူကရိန်းသမ္မတို့သည် ယူကရိန်း-ရုရှားစစ်ပွဲစတင်ချိန်မှစ၍ ပထမဆုံးအနေဖြင့် ယမန်နေ့ဧပြီ ၂၆ ရက်တွင် ဖုန်းဖြင့်စကားပြောခဲ့ကြကြောင်းသိရသည်။

“တရုတ်သမ္မတရှီနှင့် အချိန်အတော်ကြာ ဖုန်းပြောဖြစ်ခဲ့ပါတယ်။ဒါ့အပြင် တရုတ်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကို ခန့်အပ်နိုင်ခဲ့ခြင်းကလည်း နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းတဲ့ တွန်းအားတစ်ခုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏ ဖုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍ သမ္မတဇလန်းစကီးက အသေးစိတ်မပြောကြားခဲ့သော်လည်း ၎င်းတို့နှစ်ဦးသည် တစ်နာရီနီးပါးဖုန်းပြောခဲ့ကြကြောင်း ဇလန်းစကီး၏ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

ယင်းနောက်တရုတ်သတင်းဌာန CCTV ၏ ထုတ်လွှင့်မှု၌ ဖုန်းဖြင့်စကားပြောစဉ်အတွင်း သမ္မတရှီက တရုတ်အနေဖြင့် ငြိမ်းချမ်းရေးရရှိမှုဘက်၌သာရပ်တည်မည်ဖြစ်ကြောင်း သမ္မတဇလန်းစကီးအားပြောကြားခဲ့သည်ဟုဖော်ပြထားသည်။

ယင်းနောက် အကျပ်အတည်းကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ယူကရိန်းသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်မည်ဟုလည်း တရုတ်ကပြောကြားခဲ့သည်။

ဆက်လက်၍လည်း တရုတ်အနေဖြင့် ယခုအခြေအ‌နေကတစ်ဆင့် အမြတ်ထုတ်ဖို့နေနေသာသာ ပြဿနာအား ထိုင်လဲကြည့်မနေသလို၊မီးလောင်ရာလေပင့်လဲမလုပ်ဘဲ ကူညီဖြေရှင်းလိုစိတ်သာရှိသည်ဟုလည်းသမ္မတရှီကဆိုသည်။

ယူကရိန်းနှင့်ရုရှားတို့အကြားပဋိပက္ခ၌ တရုတ်အနေဖြင့် ကြားနေနိုင်ငံအဖြစ်နေခဲ့ပြီး ငြိမ်းချမ်းရေးကိုသာ အကြိမ်ကြိမ်တောင်းဆိုခဲ့ကာ ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်းကမ်းလှမ်းခဲ့သည်။

ပေကျင်းသည် ဖေဖေါ်ဝါရီလက ယူကရိန်းအကျပ်အတည်းအတွက် နိုင်ငံရေးအရပြေလည်မှုရရှိရန်တောင်းဆိုသည့် ကြေငြာချက်ကိုထုတ်ပြန်ခဲ့ပြီး အဆိုပါကြေငြာချက်တွင် တရုတ်နိုင်ငံသည် ကြားနေအဖြစ်ရပ်တည်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌ပါဝင်ရန် နှစ်ဖက်လုံးကိုတိုက်တွန်းထားသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here