ကွဒ် ထိပ်သီးအစည်းအဝေးကို မေလ ၂၄ ရက်နေ့တွင် ဆစ်ဒ်နီ၌ ကျင်းပသွားမည် – ဩဇီ ဝန်ကြီးချုပ်

0
209

ဩစတေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က ကွဒ် (Quad) အုပ်စု ခေါင်းဆောင်များ၏ ၂၀၂၃ ခုနှစ် ထိပ်သီးအစည်းအဝေးကို မေ ၂၄ ရက်နေ့တွင် ဆစ်ဒ်နီ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကွဒ် အုပ်စုသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သော အမေရိက၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယခုအစည်းအဝေးသည် ကွဒ် အုပ်စုမှ ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ကြမည့် တတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးလည်းဖြစ်သည်။

အဆိုပါအစည်းအဝေးအတွင်း ကွဒ်နိုင်ငံများသည် အင်ဒို-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြင့်တင်နိုင်ရန်အတွက် မိမိတို့အုပ်စုအပြင် အာဆီယံနှင့် ပစိဖိတ်ကျွန်းများဖိုရမ် ကဲ့သို့သော အခြား အုပ်စုများနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးသွားမည်ဟု အယ်လ်ဘာနီးစ်က ပြောခဲ့သည်။

ကွဒ်အုပ်စု ဖွဲ့စည်းရသည့် အကြောင်းရင်းတွင် စစ်ရေးကဏ္ဍ မပါဝင်သော်လည်း တရုတ်အပါအဝင် အများကမူ အမေရိက ဦးဆောင်သော အဆိုပါ အဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ဩဇာအာဏာများ လျင်မြန်စွာ ကြီးထွားလာခြင်းကို တန်ပြန်ရန်အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ရှုမြင်ကြသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here