လယ်ကွင်းထဲ၌ရှိနေသည့် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့မှု သထုံမြို့နယ်တွင်ဖြစ်ပွား

0
217

မွန်ပြည်နယ်၊သထုံမြို့နယ်၊ဆင်ဖြူကျွန်းကျေးရွာတွင် ဧပြီ ၂၇ ရက်(ယနေ့)မွန်းလွဲ ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဖြူရောင်နှလုံးသားပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သိရသည်။

သထုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုများဖြစ်ပေါ်နေချိန်၌ ဆင်ဖြူကျွန်းကျေးရွာနေ အသက်(၃၇)နှစ်အရွယ်ရှိ အ မျိုးသားသည် လယ်ကွင်းအတွင်းရှိနေရာမှ မိုး ကြိုးပစ်ခံရပြီးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီအချိန်က မိုးတွေရွာပြီး မိုးကြိုးတွေလည်းပစ်တယ် အဲဒီအချိန် သေဆုံးသွားတဲ့အမျိုးသားက လယ်ကွင်းထဲမှာရှိနေတော့ မိုးကြိုးပစ်ခံလိုက်ရတာ အခင်းဖြစ်နေရာမှာပဲသေဆုံးသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား အဖြူရောင်နှလုံးသားပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here