နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ၂၈၇၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေ

0
179

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာ ၂၈၇၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။

ပြည်တွင်းအမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် မတ်လနောက်ဆုံးအပါတ်တွင် ဒေါ်လာအကျဘက်သို့ ဦးတည်လာပြီး သင်္ကြန်ကာလပြီးနောက်ပိုင်းတွင်လည်း တစ်ဒေါ်လာကို ကျပ် ၂၈၆၀ မှ ၂၈၇၀ ကြား ဝန်းကျင်တွင်ရှိကြောင်း သိရသည်။

ပြင်ပငွေကြေးဈေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်းထားတွေမှာ ယူရို ၃၁၀၅ ကျပ်၊ စင်ကာပူ ဒေါ်လာ ၂၁၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၆၅၀ ၊ ထိုင်းဘတ်ကျပ် ၈၄.၁၀ ၊ တရုတ်ယွမ် ၄၁၄ ကျပ်၊ ဂျပန်ယန်း ၂၂.၂၀ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here