ငွေသွင်းပြီးဖြစ်သော OWIC များကို မေလ ၁၉ ရက်နေ့အတွင်း မဟာချိုင် TDCC ရုံးခွဲတွင် သွားရောက်ထုတ်ယူရန် မြန်မာသံရုံး အသိပေး

0
323

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံးတွင် ငွေသွင်းထားပြီး OWIC ကတ် မထုတ်ရသေးပါက မေလ ၁၉ ရက်နေ့အတွင်း နောက်ဆုံးထား၍ မဟာချိုင် TDCC ရုံးခွဲတွင် သွားရောက်ထုတ်ယူကြရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေ၏ (PJ) နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း( စာအုပ်အသစ်ထုတ်ပေးခြင်း) လုပ်ငန်းနှင့်အတူ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တွေကို တစ်ခါတည်းပြုလုပ်ပေးခြင်းဖြစ်ကြောင်း ယင်းသို့ဆောင်ရွက်ရာတွင် အလုပ်သမားများအနေဖြင့် နိုင်ငံကူးလက်မှတ်အသစ်အတွက် (၁၂၅ဝ) ဘတ်အပါအဝင် OWIC ကတ်အတွက် (၂၅ဝ) ဘတ် စုစုပေါင်း (၁၅ဝဝ) ဘတ်ကို မြန်မာသံရုံး ဘဏ်စာရင်းသို့ပေးသွင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

TDCC ရုံးခွဲမှ သိရှိချက်အရ စက်ရုံ/ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် လာရောက်ထုတ်ယူကြသော်လည်း မြန်မာသံရုံးသို့ တစ်ဦးချင်းလာရောက်လုပ်ကိုင်သူများ (ရက်ချိန်းရရှိသူများနှင့် Walk-in များ) အနေဖြင့် ထုတ်ယူမှုနည်းပါးနေကြောင်း၊ယင်းကြောင့် ငွေသွင်းပြီးဖြစ်သော OWIC ကတ်များကို မေလ ၁၉ ရက်နေ့အတွင်း သွားရောက်ထုတ်ယူကြရန်နှင့် သိရှိလိုသည့်အချက်များရှိပါက TDCC ရုံးခွဲ၏ ၀၈၁၄၅၉၀၉၁၄ နှင့် ၀၈၂၄၄၅၁၆၄၈ ဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here