ရန်ကုန်တွင် ရေပြတ်လပ်မှု မရှိစေရန် မီးစက်နှင့် ဆိုလာစနစ်သုံးပြီး ရေပေးဝေနေဟုဆို

0
363

ရန်ကုန်မြို့တွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေအခက်အခဲမရှိစေရန် မီးစက်နှင့် ဆိုလာသုံးပြီး ဖြန့်ဝေပေးနေကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဖူးကြီး၊ ဂျိုးဖြူ၊ လှော်ကား၊ ငမိုးရိပ် ရေလှောင်ကန်များနှင့် လဂွန်းပြင် ရေတွန်းစက်ရုံများ ရန်ကုန်မြို့တွင်းသို့ အဓိက ရေဖြန့်ဝေပေးနေခြင်းဖြစ်ပြီး အဆိုပါနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က စီစဉ်ဆောင်ရွက်နေသော်လည်း National Grid System Breakdown ဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကြောင့် ရေပေးဝေမှု ရပ်တန့်မှု မရှိစေရန် မီးစက်များမောင်းနှင်ခြင်းနှင့် ဆိုလာစနစ်အသုံးပြု၍ ရေပေးဝေခြင်းများကို လုပ်ဆောင်နေရကြောင်း သိရသည်။

အကယ်၍ ရေပြတ်လပ်မှုများ ဖြစ်ပေါ်ပါက ရေသယ်ယာဉ် ဂါလံ ၄၀၀ ဆံ့ (၁) စီး ၊ ဂါလံ ၆၀၀ ဆံ့(၄) စီး ၊ ဂါလံ ၈၀၀ ဆံ့(၁) စီး၊ ဂါလံ ၁၀၀၀ ဆံ့ (၈) စီး၊ ဂါလံ ၁၂၀၀ ဆံ့ (၆) စီး၊ ဂါလံ ၁၆၀၀ ဆံ့ (၁၆) စီး၊ ဂါလံ ၁၈၀၀ ဆံ့ (၁၀) စီး၊ ဂါလံ ၂၀၀၀ ဆံ့ (၆) စီး၊ ဂါလံ ၂၄၀၀ ဆံ့ (၂) စီး၊ ဂါလံ ၃၀၀၀ ဆံ့ (၁) စီး၊ စုစုပေါင်းရေသယ်ယာဉ် (၅၅) စီးဖြင့် ရေပေးဝေလျက်ရှိကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here