သင်္ကြန်အပြီးတွင် ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင် (၃၉) ဆိုင်အား ပြန်လည်ဖွင့်လှစ်ရောင်းချပေးနေ

0
229

သင်္ကြန်ကာလအတွင်း၌ ရောင်းချမှုယာယီရပ်နားထားသည့် စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့ဌာန၏ CNG အရောင်းဆိုင်အချို့အား သင်္ကြန်အပြီးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖွင့်လှစ်ရာတွင် CNG အရောင်းဆိုင် (၃၉) ဆိုင်အထိ ပြန်လည်ဖွင့်လှစ်ကာ တစ်ရက်လျှင် CNG သဘာဝဓာတ်ငွေ့ကုဗပေ (၁၇) သန်းမှ (၁၈) သန်းအထိရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“CNG ရောင်းချတဲ့ စျေးနှုန်းက အပြောင်းအလဲမရှိပါဘူး။ ဆိုင်ဖွင့်ချိန်ကလည်း ပုံမှန်အတိုင်း နေ့စဥ် မနက် (၅) နာရီကနေ ည (၁၀) နာရီလောက်အထိ ရောင်းချပေးနေပါတယ်။ နေ့စဥ် CNG ကုဗပေ (၁၇) သန်းကနေ (၁၈)သန်းအထိရောင်းချပေးပါတယ်”ဟု မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း CNG ဓာတ်ငွေ့များအား တွဲကားများနှင့်ဆွဲ၍ ရောင်းချပေးသည့် အရောင်း ဆိုင် (၆) ဆိုင်နှင့်ပိုက်လိုင်းများဖြင့် သွယ်တန်းကာ ရောင်းချပေးနေသည့် အရောင်းဆိုင် (၃၅) ဆိုင်(စုစုပေါင်း (၄၁) ဆိုင်)ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ တွဲကားနှင့်ဆွဲ၍ ရောင်းချပေးသည့် ဆိုင် (၁) ဆိုင်နှင့် နေရောပြောင်းရွှေ့နေသည့် အရောင်းဆိုင် (၁) ဆိုင်တို့မှလွဲ၍ ကျန်အရောင်းဆိုင် (၃၉) ဆိုင်အား ပြန်လည်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here