ရုရှား ‘စစ်ဆေးရေး’ ဂြိုလ်တုက အမေရိကန် စစ်ဘက်ဆိုင်ရာ ဂြိုလ်တုကို နောက်ယောက်ခံလိုက်နေဟုဆို

0
293

လျှို့ဝှက်ဆန်းကြယ်သော ရုရှားဂြိုလ်တုတစ်ခုသည် လျှို့ဝှက် အမေရိကန် စစ်ဘက်ဆိုင်ရာ ဂြိုလ်တုတစ်ခုနောက်သို့ တောက်လျောက် နောက်ယောင်ခံလိုက်သကဲ့သို့ဖြစ်လာနေကြောင်း အာကာသစူးစမ်းလေ့လာသူ သုတေသီတို့က ဆိုကြသည်။

US-326 ဟုခေါ်သော အမေရိကန်ဂြိုလ်တုနှင့် တူညီသော ပတ်လမ်းကြောင်းထဲသို့ Kosmos-2558 ဟုခေါ်သော ရုရှားအာကာသယာဉ်ကို 2022 ခုနှစ် သြဂုတ်လတွင် လွှတ်တင်ခဲ့ပြီးနောက် ထိုအချိန်မှစ၍ အမေရိကန်အာကာသယာဉ်နှင့် နီးကပ်စွာ ယနေ့အထိ တောက်လျောက်ပျံသန်းနေခြင်းဖြစ်သည်။

Kosmos-2558 ၏အပြုအမူကိုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း၊ ယင်းနှင့်ပတ်သက်၍ ရုရှားထံမှတရားဝင်ရှင်းလင်းချက်မရှိခြင်းကြောင့်လည်းကောင်း ယင်းဂြိုဟ်တုသည် US-326 ကို နောက်ယောင်ခံလိုက်နေသည်ဟု အာကာသစူးစမ်းလေ့လာသူများအား ယုံကြည်စေခဲ့သည်။ ယင်းဂြိုဟ်တုသည် ရုရှားတို့က လွှတ်တင်ထားသော စစ်ဆေးရေး ဂြိုဟ်တု တစ်ခုဖြစ်နိုင်ကြောင်းလည်းဆိုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here