ဗဟန်းမြို့နယ်တွင် အငြိမ်းစားဗိုလ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

0
655

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် ယနေ့ဧပြီ (၂၉) ရက် နံနက် (၁၀) နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမည်မသိအမျိုးသား (၂) ဦးမှ Suzuki Swift ကားဖြင့်နေအိမ်မှ တစ်ဦးတည်းမောင်းနှင်လာသည့် ဗိုလ်မှူး (ငြိမ်း) ဦးရဲမင်းသန်း (၅၅) နှစ်အား ငမောက်လမ်းနှင့်မဟာရာလမ်းထောင့်အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဗိုလ်မှူး (ငြိမ်း) ဦးရဲမင်းသန်း၏ ညာရင်ဘတ်နှင့် ကျောကုန်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတာပါ။ သေဆုံးတဲ့လူက ဗိုလ်မှူးအငြိမ်းစား တစ်ယောက်ပါ။ အခု ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအနေနဲ့ အလုပ်ဝင်လုပ်နေရင်း သေနတ်နဲ့ပစ်သ တ်ခံခဲ့ရတာပါ”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ဗိုလ်မှူး(ငြိမ်း)ဦးရဲမင်းသန်း၏ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလ ည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here