(၉၅) မှ လွဲ၍ ကျန်စက်သုံးဆီ ဈေးများ ၂၀၀၀ ကျပ် အောက်ကျဆင်းလာ

0
133

ယနေ့ ဧပြီလ (၂၉) ရက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ (၉၅) မှ လွဲ၍ ကျန်စက်သုံးဆီများ (၂၀၀၀) ကျပ် အောက်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များတွင် ဖော်ပြထားသည့် ဈေးနှုန်းများအရ သိရသည်။

ဧပြီလ တတိယအပါတ်မှစတင်ပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ကျဆင်းလာရာ ယနေ့ တွင် ၉၂ တစ်လီတာ ၁၉၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၉၀၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၁၉၈၀ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ (၂၈) ရက်အထိ စက်သုံးဆီ ဈေးနှုန်းများမှာ ၂၀၀၀ ကျပ်အထက်တွင်သာ ရှိနေပြီး (၉၂) တစ်လီတာ ၂၀၁၀ ကျပ်၊ (၉၅) တစ်လီတာ ၂၀၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၁၉၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်းလည်း ဖြစ်သည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here