နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် မေလဆန်း၌ဂျပန်ဝန်ကြီးချုပ်တောင်ကိုရီးယားသို့သွားမည်

0
232

တိုကျို၊ဧပြီ ၂၉

ဂျပန်ဝန်ကြီးချုပ်သည် မြောက်ကိုရီးယား၏ နျူအစီအစဉ်အားကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်းနေစဉ် ကျန်နိုင်ငံများနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ သမ္မတယွန်းဆော့ယော်နှင့် မေလအစောပိုင်း၌တွေ့ဆုံရန် တောင်ကိုရီးယားသို့လာရောက်ရန် စီစဉ်နေကြောင်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

မစ္စတာကီရှီဒါနှင့်ယွန်းတို့သည် မကြာသေးမီဆယ်စုနှစ်များအတွင်း အဆိုးဆုံးအဆင့်သို့ရောက်ရှိသွားခဲ့သော တိုကျိုနှင့်ဆိုးလ်တို့ကြားမှဆက်ဆံရေးကို မြှင့်တင်ရန်သဘောတူညီခဲ့ကြပြီး အဆင်ပြေရန်အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

ဂျပန်နှင့်တောင်ကိုရီးယားတို့သည် ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ဒုတိယကမ္ဘာစစ်အတွင်း၌ ပြုလုပ်ခဲ့သောဂျပန်လူမျိုးများ၏ ကိုလိုနီအုပ်ချုပ်ရေးစနစ်နှင့် ဂျပန်ကုမ္ပဏီများအတွက် အဓမ္မလုပ်အားပေး ခိုင်းစေခံရခြင်းမျိုးကဲ့သို့သောကိစ္စများကြောင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေခဲ့သည်မှာကြာပြီဖြစ်သည်။

ယခုမူ မစ္စတာကီရှီဒါသည် မစ္စတာယွန်းအား G – 7 နိုင်ငံများ၏ထိပ်သီးအစည်းအဝေးသို့ဖိတ်ကြားခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် ထိပ်သီးအစည်းအဝေးပြင်ပ၌ ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းလည်းသိရသည်။

ယင်းအပြင် ကန်သမ္မတနှင့်လည်း သုံးနိုင်ငံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရပြီး မြောက်ကိုရီးယား၏ မြင့်တက်လာနေသောနျူအန္တရာယ်နှင့်ပတ်သက်၍လည်း သုံးနိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here