ဆေးကုသမှုခံယူတော်မူနေသည့် ဗန်းမော်ဆရာတော်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သွား​ရောက် ဖူးမြှော်

0
170

မန္တလေးမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးတွင်တက်ရောက်ဆေးကုသမှုခံယူတော်မူနေသည့် ဗန်းမော်ဆရာတော်ကြီးအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဧပြီ ၂၉ ရက် နံနက်ပိုင်းက ဖူးမြှော်ကြည်ညိုကာ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ဗန်းမော်ဆရာတော်ကြီးအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပြီးစီးနေမှုနှင့်အနယ်နယ်အရပ်ရပ်မှ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများဦးဆောင်၍ ဆရာတော်၊သံဃာတော်များက လာရောက်ဖူးမြှော်ကြည်ညိုလျက်ရှိသည့်အခြေအနေများကို တင်ပြလျှောက်ထားခဲ့သည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန်လုပ်ဆောင်လျက်ရှိခြင်းကိုလည်း တင်ပြလျှောက်ထားခဲ့သည်။

ထို့အတူ မေ ၃ ရက်(ကဆုန်လပြည့်နေ့)တွင်လည်း ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားများကို နိုင်ငံတော်အဆင့်ခမ်းနားသိုက်မြိုက်စွာကျင်းပသွားမည့်အခြေအနေများ၊မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများနှင့်ဆရာတော်ဘုရားကြီးများ၏ဦးဆောင်မှုဖြင့် သံဃာ့အဖွဲ့အစည်းသည် မှန်ကန်စွာရပ်တည်လျက်ရှိသည့် အခြေအနေများကိုလည်း တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဗန်းမော်ဆရာတော်ကြီးထံမှသြဝါဒခံယူကာ ဆရာတော်ကြီးအား ဆေးပစ္စည်းများ၊အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ဘုရားကြီးဟောကြားတော်မူသည့် တရားတော်များကိုနာယူကြည်ညိုခဲ့ကြသည်။

ထို့ပြင် နစက ဥက္ကဋ္ဌမှ ဆေးရုံအုပ်ကြီး၊ပါရဂူများနှင့်တာဝန်ရှိသူများအား ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများ၊ဆေးဝါးကုသမှုပေးထားသည့်အခြေအနေများ၊ဆွမ်းကိစ္စများအဆင်ပြေစေရန်ဆောင်ရွက်ပေးထားသည့်အခြေအနေများအားမေးမြန်းပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here