သုံးဘီးဆိုင်ကယ်တိမ်းမှောက်၍ ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု မုဒုံမြို့နယ်တွင်ဖြစ်ပွား

0
159

မွန်းပြည်နယ်၊မုဒုံမြို့နယ်၊ရောင်ဒေါင်းကျေးရွာအနီး၌ ဧပြီ ၂၉ ရက်နံနက် ၆ နာရီခွဲခန့်က သုံးဘီးဆိုင်ကယ်တစ်စီးတိမ်းမှောက်ခဲ့ကြောင်း ဗြဟ္မာဝိဟာဂလူမှုစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

မုဒုံမြို့နယ်ရှိ မော်-သံလမ်းမကြီးအတိုင်းမောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်သည် ရောင်ဒေါင်းကျေးရွာအနီးအရောက် တိမ်းမှောက်သွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ဗြဟ္မာဝိဟာဂလူမှုစောင့်ရှောက်ရေးအဖွဲ့မှ မိတ်ဖက်အသင်းများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူနှင့်စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့၍ မြေပြင်ကုသမှုများပြုလုပ်ပြီးနောက် ကမာဝက်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လူနာ ၂ ယောက်ကအရေးပေါ်အခြေအနေဖြစ်နေလို့ ကမာဝက်တိုက်နယ်ဆေးရုံက ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ဗြဟ္မစိုရ်လူမှုကယ်ဆယ်ရေးအသင်းရယ် ဗြဟ္မာဝိဟာဂလူမှုစောင့်ရှောက်ရေးအဖွဲ့ရယ်က ထပ်ပြီးပို့ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here