နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက ဆရာတော်ကြီးကျန်းမာရေးအခြေအနေအရ ဧည့်တွေ့ဖူးမြော်မှုများကို စနစ်တကျဖြစ် စေရန်လိုအပ်

0
148

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဧပြီ ၂၉ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊တာချီလိတ်မြို့၊နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

ထိုသို့ ဖူးမြှော်ကြည်ညိုပြီးနောက် ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများကိုကြည့်ရှု၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးရန်၊ကိုယ်ခံစွမ်းအားရှိစေရေး၊တစ်ကိုယ်ရည်သန့်ရှင်းရေးတို့အတွက် ဆောင်ရွက်ပေးရန်နှင့်အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့ပြင် ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍ အထူးအလေးထားစောင့်ကြည့်ကာ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအရ ဧည့်တွေ့ဖူးမြော်မှုများကို စနစ်တကျဖြစ်စေရန်တို့ကိုလည်း မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ၊ဆေးပစ္စည်းများ၊အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here