ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲနမူနာ ၁၀၀၀၀ ကျော်အားစစ်ဆေးရာမှ အတည်ပြုလူနာသစ်(၁၃၀)ဦးတွေ့ရှိ

0
191

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ဧပြီ ၂၉ ရက်ည ၈ နာရီ၌ ထုတ်ပြန်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၃၀)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဧပြီ ၂၈ ရက်ည ၈ နာရီမှ ၂၉ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁၄၁၇ ခုအားစစ်ဆေးခဲ့ရာမှ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၃၀)ဦးကိုတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၁ ဒသမ ၁၄)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)သံသယလူနာများ၊ဓာတ်ခွဲအတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူများနှင့်အသွားအလာကန့်သတ်ထားရှိသူများအား ကိုဗစ်(၁၉)ရောဂါရှိ/မရှိ ဓာတ်ခွဲစစ် ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here