မကွေးမြို့တွင် ကွမ်းယာဆိုင်ပိုင်ရှင်အမျိုးသမီး သေနတ်ဖြင့်ပစ်သတ်ခံရ

0
358

မကွေးတိုင်း၊မကွေးမြို့၊အောင်မေတ္တာ(ဃ)ရပ် ကွက်၊အဝေရာလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် “တော်ကီ” ကွမ်းယာဆိုင်တွင် ဧပြီ ၂၉ ရက်ည ၆ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၂ ဦးဆိုင်ကယ်ဖြင့် အောင်မေတ္တာ(ဃ)ရပ်ကွက်၊အဝေရာလမ်းဘေး၌ ဖွင့်လှစ်ထားသည့် “တော်ကီ”ကွမ်းယာဆိုင်သို့ရောက်ရှိလာကာ ကွမ်းယာရောင်းနေသည့် ဆိုင်ပိုင်ရှင်ဒေါ်သန်းသန်းဆင့်(၄၁)နှစ်အား ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒေါ်သန်းသန်းဆင့်၏ ဦးခေါင်း၊ညာပုခုံးနှင့်ညာဘက်နံရိုးကြားတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပြစ်မှုကျူးလွန်သွားတဲ့လူတွေကို ဖမ်းဆီးရမိဖို့အတွက် ချက်ခြင်းလုပ်ဆောင်နေကြပါတယ် အခင်းဖြစ်နေရာနားကနေ ပစ္စတိုကျည်ခွံ ၃ ခုကိုလည်း ရှာတွေ့ခဲ့တယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here