တရုတ်ကမ်း‌ခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောများအားနှောင့်ယှက်နေဟုအမေရိကဆို

0
121

ဝါရှင်တန်၊ဧပြီ ၃၀

အမေရိကသည် ပထဝီနိုင်ငံရေးတင်းမာနေချိန်၌ ဖိလစ်ပိုင်ဘက်မှရပ်တည်ရန်ကတိပြုလျက် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်သင်္ဘောများအားနှောင့်ယှက်ခြင်းကိုရပ်တန့်ရန် တရုတ်နိုင်ငံကိုဧပြီ ၂၉ ရက်ကတောင်းဆိုခဲ့သည်။

“ပေကျင်းအနေနဲ့ ၎င်းရဲ့ရန်စမှုနဲ့အန္တရာယ်ရှိတဲ့ အပြူအမူတွေကို ရပ်တန့်ပေးဖို့ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်” ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်ကမ်း‌ခြေစောင့်တပ်ကလည်း ၎င်းတို့ ကင်းလှည့်နေစဉ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်သည် ရန်လိုသောနည်းဗျူဟာများ ပြုမူနေသည်ဟုပြောကြားခဲ့သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်း၏အချုပ်အခြာအာဏာပိုင်နက်နယ် မြေ အဖြစ်ယူဆထားပြီး ဗီယက်နမ်၊ဖိလစ်ပိုင်၊မလေးရှား၊ဘရူနိုင်းနှင့် အင်ဒိုနီးရှားတို့၏ သီးသန့်စီးပွားရေးဇုန်များအားဖြတ်တောက်ထားကြောင်းသိရသည်။

သို့သော်တရုတ်ကမူ ဖိလစ်ပိုင်သင်္ဘောများသည်သာ တရုတ်ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ တမင်ရန်စသည့်လုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့ကပြောကြားခဲ့သည်။

ဝါရှင်တန်ကမူ “စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာ ရေကြောင်းသွားလာမှုဆိုင်ရာ အမိန့်ကိုလိုက်နာပြီးကျွန်တော်တို့ရဲ့မဟာမိတ် ဖိလစ်ပိုင်နဲ့အတူ ရပ်တည်နေမှာပါ” ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here