မိုင်းယုမြို့တွင် ရှမ်းရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကျင်းပ

0
209

ရှမ်းပြည်နယ်၊မိုင်းယုမြို့တွင် ၃ နှစ်တစ်ကြိမ်ပြုလုပ်သည့် ရှမ်းရိုးရာဓလေ့လှေလှော်ပြိုင်ပွဲအား ဧပြီ ၂၉ ရက်နံနက်ပိုင်းက မြို့မရပ်ကွက်အနီးရှိ နမ့်လွေချောင်းအလယ် သဲသောင်ပြင်၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအား မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့မိမြို့ဖတစ်ဦးက ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲ ကျင်းပရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ရှမ်းရိုးရာဓလေ့လှေလှော်ပြိုင်ပွဲအား အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်း၊ဝန်ထမ်းပေါင်းစုံ၊ဒေါင်နေ၊ဒွန်းနွဲ့၊မြို့မ၊တာကြန့်၊ဝမ်နားဟွေ့နှင့်ကျိန်းယဲန်းအသင်းတို့က ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

ထိုသို့ ယှဥ်ပြိုင်လျက်ရှိရာ မေ ၁ ရက်နံနက်ပိုင်းတွင် ပထမ၊ဒုတိယနှင့်တတိယလုပွဲတို့အား ကျင်းပ၍ ဆုပေးပွဲအခမ်းအနားကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here