အလာစကာ ရဟတ်ယာဉ် ပျက်ကျမှုတွင် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်တပ်မတော် သတင်းထုတ်ပြန်

0
259

အလာစကာတွင် လေ့ကျင့်ရေးမစ်ရှင်မှ ပြန်လာစဉ် ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် တိုက်မိမှုကြောင့် စစ်သား ၃ဦး သေဆုံးခဲ့ကြောင်းနှင့် ယင်းတို့၏ အမည်များကို အမေရိကန်တပ်မတော်က စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရဟတ်ယာဉ်များသည် ကြာသပတေးနေ့၊ နေ့လည် ၁ နာရီ ၃၉ မိနစ်က ပျက်ကျခဲ့ခြင်းဖြစ်ပြီး Donnelly လေ့ကျင့်ရေးဧရိယာတွင်ပြုလုပ်သော လေ့ကျင့်ရေးလုပ်ငန်းစဉ်မှနေ၍ Fort Wainwright သို့ ဦးတည်ပျံသန်းခဲ့စဉ် ပျက်ကျခြင်းဖြစ်သည်။

Alaska နှင့် Kentucky တို့တွင် ပြီးခဲ့သည့်လအတွင်းက ရဟတ်ယာဉ်ပျက်ကျမှုများကြောင့် စစ်သား ၁၂ ဦး သေဆုံးပြီးနောက် လေကြောင်းလေ့ကျင့်ရေးယူနစ်များကို ရပ်နားထားရကြောင်းကိုလည်း အမေရိကန်တပ်မတော်မှ သောကြာနေ့တွင် ကြေညာခဲ့သည်။

“အရေးကြီးတဲ့ မစ်ရှင်တွေမှာ ပါဝင်သူတွေမှအပ ကြည်းတပ်လေတပ်အားလုံးကို လိုအပ်တဲ့ လေ့ကျင့်မှု ပြီးမြောက်သည်အထိ တားမြစ်ထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here