ဧပြီ ၃၀ ရက်နှင့် မေလ ၂ ရက်တို့တွင် လမ်းလွှဲမှမောင်းနှင်ရန်အသိပေး

0
210

ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ရည်မှတ်၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် ဧပြီ ၃၀ ရက်နှင့် မေလ ၂ ရက်တို့တွင် သတ်မှတ်ထားသည့်လမ်းလွှဲမှမောင်းနှင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထားသည်။

အဆိုပါအခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်တော်နှင့် ပြည်သူ့ရင်ပြင်တို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် အစမ်းလေ့ကျင့်မည့် ဧပြီ ၃၀ ရက်နှင့် ဧပြီလ ၂ ရက်နေ့ အခမ်းအနားကျင်းပချိန် နံနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ လမ်းလွှဲမှမောင်းနှင်ရန် အသိပေးထားခြင်းဖြစ်သည်။

အခမ်းအနားကျင်းပချိန်အတွင်း ပြည်လမ်းအား ဟံသာဝတီအဝိုင်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဟံသာဝတီအဝိုင်းမှ ရွှေတိဂုံဘုရားလမ်းအထိလည်းကောင်း၊ ရွှေတိဂုံဘုရားလမ်းအား ဦးထောင်ဘိုလမ်းမှ ဦးဝိစာရလမ်းထိပ်အထိလည်းကောင်း၊ အလုံလမ်းအား ဗဟိုလမ်းမှ ရွှေတိဂုံဘုရားလမ်းအထိလည်းကောင်း၊ မြို့မကျောင်းလမ်းအား အလုံလမ်းမှ မင်းရဲကျော်စွာလမ်းအထိလည်းကောင်း၊ ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသောယာဉ်များသည် ဟံသာဝတီအဝိုင်းတွင် ယာဘက်သို့ချိုးကွေ့၍ ဟံသာဝတီလမ်းမှ အထက်ကြည့်မြငိတိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်းတောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဝဲဘက်သို့ ချိုးကွေ့၍အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ဦးဝိစာရလမ်းသို့မောင်းနှင်လာသောယာဉ်များသည် ဟံသာဝတီအဝိုင်းမှ ဟံသာဝတီလမ်း၊ အထက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ရွှေတိဂုံဘုရားလမ်းသို့မောင်းနှင်လာသောယာဉ်များသည် ဦးထောင်ဘိုလမ်းမှ ဗဟန်းအဝိုင်းသို့လည်းကောင်း၊ အလုံလမ်းသို့မောင်းနှင်လာသောယာဥ်များသည် ဗဟိုလမ်းအတိုင်းလည်းကောင်း၊ မြို့မကျောင်းလမ်းသို့ မောင်းနှင်လာသောယာဉ်များသည် မင်းရဲကျော်စွာလမ်းသို့လည်းကောင်း ပြောင်းလဲမောင်းနှင်ကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here